Saturday, January 30, 2010

ဒီအချိန်ဆို ရွာမှာ

ဒီအချိန်ဆို ရွာမှာ ...

နေညိုညိုမှာ လေပြိုလာရင်း
မှောင်ရီပျိုးစ ပုလင်းထောင်ကြ
မြူအိုးကို အသာဆွဲလို့
ဘော်ဒါတွေနဲ့ ကဲမည် ...။

အမြီးကလည်းအဆင်သင့်
ဘော်ဒါတွေကလည်း စုံညီ
ထန်ရေအိုးတွေကလည်း ပလုံစီကာနေ
တောမြိုင်ယံအလယ်
မြူခိုးတွေက တဝေဝေ
တောင်စွယ်မှာတော့ နေကွယ်ပြီလေ ...။

ညှင်းသွဲ့သွဲ့ လေပြေကတိုက်
လတ်လတ်ဆတ်ဆတ် ရှုရှိုက်လိုက်ရတဲ့အရာသာ
တာဝတိံဖျားမှာတောင် ရောက်သွားသလား အောင့်မေ့ရတယ် ...။

ကွဲသူကကွဲ ပြဲသူကပြဲ
မှောက်သူကမှောက် သောက်သူကသောက်
ဒါပေမယ့် ...
အသက်ပျောက်လောက်အောင် မသောက်ခဲ့ပါဘူး ...
ပျော်ရတဲ့အချန်တွေဟာ မလောက်ခဲ့။

အခုတော့ ...
အဲဒီ့အချိန်တွေ ပျောက်ရှခဲ့ပေပေါ့ ...။

သြော် ...
ထန်းတောကြားက ပျော်ပါးခဲ့ရတဲ့နေ့တွေ
တမ်းတလွမ်းရ မေ့မရနိုင်ပါပေပြီတကား ...။


စံလင်းထွန်း


(တောက ဘော်ဒါတွေကိုကြည့်ပြီး ကဗျာရေးချင်စိတ်ပေါက်တာနဲ့ သူတို့အတွက် ကဗျာတစ်ပုဒ်လောက် ရေးစပ်မိလိုက်တာပါ။)

4 comments:

မြတ်မွန် said...

အဘရေ..သောက်သောက်ကို မျက်လုံးထဲ မြင်ယောင် မိပါတယ်။ ကိုစံလင်းရေ..။

ဇွန်မ said...

ကဗျာလေးက လွမ်းစရာလေးနော်

ညလင်းအိမ် said...

သောက်မယ်ဆို အတူတူပေါ့... မလဲကြေး.. မကွဲကြေးနော်....

Unknown said...

ဒါပေမယ့် ...
အသက်ပျောက်လောက်အောင် မသောက်ခဲ့ပါဘူး ...
ပျော်ရတဲ့အချန်တွေဟာ မလောက်ခဲ့။

အချိန် ပြင်ပေးပါညီရေ...