Monday, February 15, 2010

တရုတ်နှစ်သစ်ကူးနဲ့ ကဗျာရူးတဲ့ကျွန်တော်




တရုတ်နှစ်သစ်ကူးနဲ့ ကဗျာရူးတဲ့ကျွန်တော်


တရုတ်နှစ်သစ်ကူးတဲ့ ...
ကိုယ့်အတွက်တော့မထူးဘူး
သူတို့အတွက်တော့ အတော်မြူးတူးလို့ပါပဲ ...။

လမ်းဘေးဝဲယာမှ တိုးနယားအက
စည်းချက်ကျနနေတဲ့ သူတို့ဂီတ
ထူးထူးခြားခြား ဟက်ပီးနယူးရီးယားက
သိပ်ပြီးလှပနေတယ် ...။

အလှတူညီနေတဲ့ နီနီရဲရဲမီးပုံးကြီးတွေ
မျက်စိတဆုံး ရှုလို့ရယ်ပြုံးရတယ် ...။

ဝင်းထိန်ညီတဲ့ ပန်းမီးဆိုင်းကြီးတွေ
လိမ္မော်ရောင်ညချမ်းမှာ အေးချမ်းစွာပနာယတင့်တယ်နေတယ် ...။

ဘဝတူညီတဲ့ သူ့လူမျိုးတွေ
တူယဉ်လက်တွဲ နွှဲပျော်လို့ကဲ
မြင်သူရင်မှာ ကြိတ်ကာအားကျမိတယ် ...။

အသက်အရွယ်တူတဲ့ တရုတ်မလေးတွေ
ပြုံးပျော်လို့နေ တရုတ်ကောင်လေးတွေနဲ့လေ ...။

သြော် ...
သူတို့ဘဝ
ပျော်ကြရွှင်ကြ မြူးကြရပေါ့ ...

ငါတို့ဘဝကတော့ အလုပ်ကတစ်ဖက်
ဘလော့ဂ်ကတစ်ဖက် ချစ်သူကကျောခိုင်းထွက်
အရှုံးတစ်ဝက် ရင်ကွဲပက်လက်တွေနဲ့ချည်းပါလား ...။

စံလင်းထွန်း



(ဒီမှာတော့ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်တွေမို့ အလုပ်တွေအချို့လည်း ပိတ်ကြပါတယ်။ မျက်စိမြင်ရာ တရုတ်ရိုးရာပွဲတော်တွေလုပ်နေကြတော့ စိတ်ကူးပေါက်ပြီး ကဗျာရူးတဲ့ကျွန်တော် တစ်ပုဒ်လောက် ကောက်စပ်လိုက်တာပါ။ :D ဓါတ်ပုံတွေကိုလည်း ကြည့်ရင်းငေးလို့ရအောင် ဂူဂဲလ်ကရှာတင်ပေးလိုက်ပါတယ်။ တရုတ်နှစ်သစ်ကူးမှာ ပျော်ရွှင်နိုင်ကြပါစေဗျာ ...။)

































photo copy from google image.

8 comments:

ahphyulay said...

ဝေ့ ..
မိုက်တယ်ဗျာ.. အဲ့ ဒီအတိုင်းပဲ အော်ဖေကီ (အီဖေကို) တို့ 
လဲ။ ဒါကြောင့် လဲ နှစ်ကူးမှာ ကိုယ့် ကိုယ်ကို အမှိုက်ကား
ပေါ် အတင်းတက်လိုက်ချင်အောင် ရူးသွားတာ။
ပို့ (စ)လေးမိတယ်။
ရင်ဘတ်ကြီးတွေ တူနေပြီဗျ။ ကြယ်သီးတွေ ပြန်တတ် အုံးမှ။

ညလင်းအိမ် said...

ကိုဖြူလေးကလည်း အမှိုက်ကားပေါ်တက်မယ်ဆိုတာချည်းပဲ ..တားလို့ကိုမရဘူးနော်..း)


ညီစံလင်းရေ..

ငါတို့ဘဝကတော့ အလုပ်ကတစ်ဖက်
ဘလော့ဂ်ကတစ်ဖက် ချစ်သူကကျောခိုင်းထွက်
အရှုံးတစ်ဝက် ရင်ကွဲပက်လက်တွေနဲ့ချည်းပါလား ...။

မိုက်တယ် အဲဒီစာသား ...
ရင်ဘတ်ချင်း အတူတူပဲနော်...ဒါကြောင့်လည်း ဒီလိုနေရာမှာ တွေ့ဆုံကြတာပေါ့နော်...

SHWE ZIN U said...

ငါတို့ဘဝကတော့ အလုပ်ကတစ်ဖက်
ဘလော့ဂ်ကတစ်ဖက် ချစ်သူကကျောခိုင်းထွက်
အရှုံးတစ်ဝက် ရင်ကွဲပက်လက်တွေနဲ့ချည်းပါလား ...

ဟဲ..ဟဲ
ကဗျာလေးက မိုက်တယ်ဗျား

ဝက်ဝံလေး said...

ဟုန်ပေါင်း ပေးပါ ငှဲငှဲ

Welcome said...

နှစ်ကူးဆိုလို့ ရွာကို သတိရတယ်။
အိမ်ကို ဟုတ်ပါဘူး။ အမ်ပေါင်းထုတ်နီနီတွေ လိုချင်လို့ သတိရတာ ..

လေးစားလျက်နဲ့

~ဏီလင်းညို~ said...

စံလင်းရေ...
ကဗျာလေးဖတ်ရင်းပြုံးမိသွားတယ်....း)
ခင်မင်တဲ့
ဏီလင်းညို

Flower said...

ဒီမှာတော့ နှစ်သစ်ကူးဆို
တစ်မြို့လုံး ဗျောက်ဖောက်တယ် မီးရှူးမီးပန်းလွှတ်တယ်..
ဆူညံလွန်းလို့ ရူးချင်စိတ်တောင် ပေါက်မိတယ်..
အဲ .. ညပိုင်းတော့ ကောင်းကင်ကြီးတစ်ခုလုံး ထိန်ထိန်လင်းအောင် မီးပန်းတွေဖြာနေတာကျ အရမ်းလှတယ်...

အင်ကြင်းသန့် said...

ဓါတ်ပုံတွေကလှတယ် ကဗျာကလည်းမိုက်တယ်

အံပေါင်းပေးပါ (အန်ပြီးပေါင်းထားတာကို ပြောတာဟုတ်ဘူးနော်... :)))