Monday, February 8, 2010

နှောင်းခဲ့လေပြီ ... (ချစ်သူများနေ့အကြိုကဗျာ)



နှောင်းခဲ့လေပြီ ...

ချစ်သူများနေ့တဲ့လား ...
ကိုယ့်အတွက်တော့ ချစ်သူအနားမရှိတဲ့နေ့
ချစ်သူပါးမနမ်းရတော့တဲ့နေ့
အပြစ်မရှိဘဲ လမ်းခွဲခဲ့တဲ့နေ့
အလွမ်းတွေနဲ့ အသဲတွေကွဲခဲ့တဲ့နေ့တွေပါ ...။

အလွမ်းများနဲ့ သန်းခေါင်းယံည
တစ်ကိုယ်ရေတစ်ကာယနေထိုင်ခဲ့ရစဉ်
နဘေးနားမှာ ဂီတာတစ်လက်
အလွမ်းခါးခါးလို ကော်ဖီတစ်ခွက်
မျက်ရည်စက်တွေနဲ့ ရေးချခဲ့တဲ့
ကဗျာစာရွက်တွေ ...။

ဒဏ်ရာဗလပွနဲ့ နှလုံးသားရဲ့
အထီးကျန်ဘဝမှာ နောင်တအရိပ်တွေဟာ
တိတ်တိတ်ကလေး ကြီးစိုးနေတယ် ...။

မီးခိုးတွေလို ပျယ်လွင့်ခဲ့တဲ့အတိတ်
မပျယ်လွင့်တဲ့ သတိရစိတ်တွေရှိခဲ့ပေမယ့်
နေမြင့်မှ အိမ်ရာထလိုက်မိလို့
စံပယ်တစ်ပွင့်ကောက်ဖို့
ကိုယ်ဟာ ...နောက်ကျသွားခဲ့လေပြီ ...။

စံလင်းထွန်း

(ချစ်သူများနေ့ကို ကြိုဆိုလိုက်တဲ့ကဗျာ ဆိုပေမယ့် ကဗျာလေးက အသဲကွဲမှုဟန်လေးတွေ နဲနဲရောစွက်ပါဝင်နေပါတယ်။ ရေးရင်းက ခံစားချက်ကြောင့် ဒီလိုဖြစ်သွားတယ်ထင်ပါရဲ့။ :P ချစ်သူများနေ့မှာ ချစ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေဗျာ ...။)

photo copy from google image.

8 comments:

lengtai said...

သိပ်ကိုအကြိုးရှိလှတဲ့ ပို့စ်လေးပါခင်ဗျား။ ကျနော့်ဖြင့် တော်တော်လေးကို စိတ်ရှုပ်ထွေးသွားတယ်ဗျာ။ မရေးတတ်ရေတတ်နဲ့ ရေးခဲ့တာလေးတွေ ပြီးတော့ဆက်ရေး မယ့်စာလေးတွေအတွက် ဖြတ်ထားလိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားတယ်။ :D
ဘာကြောင့်လဲဆိုရင် ချရေးလိုက်ရင်တော့ဗျာ ဒီလောက်များပြားတဲ့လူတွေကို တစ်ယောက်ယောက်တော့ ထိမှာအမှန်ပါပဲ။

လာလည်ပါရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။
အဲ့..ဖိတ်စာပို့တယ်လို့သာဆိုရတယ် စာအိပ်ကတော့မပါဘူးခင်ဗျား၊ မေ့ကျန်ခဲ့လို့။ :D

အိမ့်ချမ်းမြေ့ said...

ကဗျာလေးကို လာဖတ်သွားပါတယ်ရှင်..
သဲကွဲမှုဟန်လေးတွေ နဲနဲမဟုတ်. များများရောစွက်နေတာပါ..း))

Welcome said...

ကဗျာလေးထိတယ် ..
ရင်နဲ့ဖတ်သွားကြောင်းပါ ..

ဆင်ဆင်ပြေပါစေ

မြတ်စုလှိုင် said...

ချစ်သူများနေ့မှာ
ချစ်သူအသစ် (အချစ်စစ်) နှင့်တွေ့ပြီး
ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်နော် :)

မြတ်စုလှိုင် said...

con မကေင်းလို့ ၂ခါမန့်သလိုဖြစ်သွားတယ်
၁ခါပြန်လျော့လိုက်နော် ဟီး :P

ညလင်းအိမ် said...

လာမတူနဲ့နော် ... စိတ်ညစ်နေတာ ...
အဲဒီနေ့ကို မေ့ထားတာ ကြာပြီ... အဟီး...

ကိုစံလင်းထွန်းရေ ကျွန်တော်တို့က ခံစားချက်တွေတူမှာပေါ့ဗျ... ခံစားတတ်တာကို .. ဟုတ်ဘူးလား...

ချစ်သူများနေ့ အကြိုဆိုတော့ ဘယ်တော့ အစိန်ကြီးလဲ ...

အယ်ကို said...

နှောင်းခဲ့လေပြီဖြစ်တဲ့ ချစ်သူများနေ့ ကိုပြန်လည် တမ်းတရင်းရေးထားတာကြောင့်များလား
အသဲကွဲခဲ့ဖူးတာကြောင့်များလား
ကဗျာထဲမှာအလွမ်းတွေပြည့်နှက်နေသလိုဘဲ စံလင်းထွန်းရေ

အားပေးနေမယ်။

မိုးစက်အိမ် said...

ကဗျာလေးက ကြေကွဲစရာခံစားမှုလေးကို ရှတတ
ပေးထားတာဘဲ စံပယ်တစ်ပွင့်ကောက်ဖို့ နောက်ကျပေမဲ့ 
ထိုက်တန်တဲ့ စံပယ်ပွင့်လေးတစ်ပွင့်ကို အနှေးနဲ့ အမြန်
ပိုင်ဆိုင်နိုင်ပါစေဗျာ . . . အားပေးလျက်