Wednesday, February 10, 2010

ရဲရင့်ဂျာနယ်နှင့်အတူ ခြေလှမ်းသစ်





မလေးရှားနိုင်ငံအတွင်း ထုတ်ဝေသော ရဲရင့်ဂျာနယ်မှာ မိမိရဲ့ ကဗျာလေးနှစ်ပုဒ် ပထဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခြင်းခံရမည်မို့ စိတ်လှုပ်ရှားစွာနဲ့ ရင်ခုန်မိပါသည်။ ရင်ခုန်ရခြင်း၏ အကြောင်းအရင်းကား တစ်အချက် မိမိရဲ့ အနုပညာဖန်တီးမှုကို အသိအမှတ်ပြု ဖော်ပြခံရခြင်း၊ နှစ်အချက် ရာထောင်ချီသော မြန်မာစာဖတ်ပရိတ်သတ်အကြား မိမိခံစားချက် ရသကဗျာစာစုများ ဝေငှဖြန့်ဖြူးပေးခွင့် ရရှိခြင်း တို့အတွက်ကြောင့် ဖြစ်ပါသည်။

ပညာရှိတွေရဲ့ စကားအတိုင်း ပြန်လည်ကိုးကားပြောရပါမူ ထမဦးဆုံးခြေတစ်လှမ်းဟာ နောက်ထပ်ခြေလှမ်း ပေါင်းများစွား ဆက်လက်ဖြစ်ပေါ်လာဖို့အတွက် အစပျိုးလှုပ်ရှားလိုက်ခြင်း ပင်ဖြစ်သည်။ မိမိရဲ့ သေးဖွဲသော အနုပညာဖန်တီးမှုသည် ကြီးမားကျယ်ပြန့်သော စာပေလောကကြီးထဲတွင် မြူတစ်မှုံစာမျှပင် ရှိလင့်ကစား ယခုလို ဖန်တီးခွင့်ရခြင်း၊ လူပေါင်းများစွာရဲ့ နှလုံးသားရှေ့မှောက် မိမိအနုပညာလေး ကပြဖျော်ဖြေ အသုံးတော်ခံရတော့မည်မို့ ရင်ထဲမှာ အတိုင်းမသိဝမ်းသာပျော်ရွှင် ကြည်းနူးရပါ၏။

ဘဝမှာ အပျော်ဆုံးနေ့တွေရယ်လို့ မယ်မယ်ရရမရှိခဲ့သော မိမိအဖို့မူကား ယခုလိုစာမူလေးပါသည်ဟု သတင်းစကားကြားလိုက်ရတဲ့နေ့ဟာ အပျော့်တကာ အပျော်ဆုံးနေ့များထဲမှ နေ့တစ်နေ့ဟု ဆိုရပေတော့မည်။

မိမိလိုပဲ ဝါသနာတူ၊ ခံစားချက်တူသော အနုပညာ ညီအစ်ကိုမောင်နှမများအားလုံး ရဲရင့်ဂျာနယ်သို့ ကဗျာ၊ ဆောင်းပါး၊ ဝထ္ထု၊ ဟာသ၊ သတင်း၊ နည်းပညာဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် ကိုယ်ပိုင်ဖန်တီးချက် စာမူများ လွပ်လပ်စွာ ပါဝင်ရေးသားပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးလိုက် ပါရစေတော့ခင်ဗျာ ...။

စာမူပေးပို့ရန် - editoryyjournal@gmail.com, yeyintjournal2010@gmail.com

(ရေးထားသော ကဗျာနှစ်ပုဒ် ၂၀၁၀ခုနှစ်၊ မတ်လထုတ်တွင် ထုတ်ဝေမည့် ရဲရင့်ဂျာနယ် အတွဲ(၁)၊ အမှတ်(၃)တွင် ပါရှိမည်ဖြစ်ပါသည်။)


အဖြူရောင်မေတ္တာဖြင့်
စံလင်းထွန်း



လောလောဆယ် တခြားပုံမရှိသေးလို့ မအိမ့်ချမ်းမြေ့ဘလော့ဂ် ဒီနေရာကနေ ယူတင်ထားပါတယ်။

3 comments:

~ဏီလင်းညို~ said...

စံလင်းရေ...
ကွန်ဂရက် ကျူလေးရှင်းနော်...။
ဝါသနာပါတဲ့ စာတွေအများကြီးဆက်ရေးသွားနိုင်ပါစေဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝမ်းသာပါတယ်ရှင်..
စာပေနယ်မှာ နံမည်ကောင်းတဲ့
ကလောင်တစ်ချောင်းဖြစ်လာနိုင်ပါစေ..
ခုထက်ပို အောင်မြင်မှုရပါစေနော်

မေတ္တာဖြင့်....

စံလင်းထွန်း said...

ဟုတ်ကဲ့

မချောရဲ့ ကွန်မန့် နှစ်ခုထပ်နေတာ ဖျက်လိုက်ရင်းက နှစ်ခုစလုံးပါသွားတယ်။

ကိုယ့်ဘာသာ အသစ်ပြန်ထည့်ပေးလိုက်ရတယ်။

အားပေးတာကျေးဇူး။