Sunday, April 4, 2010

ကျေးဇူးပါကွယ် ဧပရယ် ...



ကျေးဇူးပါကွယ် ဧပရယ် ...

ဧပရယ်ဆိုတာ ကိုယ့်ဘဝရဲ့ မွေးဖွားရာအစ
မြန်မာတို့ရဲ့နှစ်သစ်ကူးကလည်း
ဧပရယ်ဆိုတဲ့လ
ကိုယ့်ဘဝကလည်း အဲသည့် ဧပရယ်ကစခဲ့တာပဲ ...။

ဧပရယ်က ကိုယ့်အတွက်
အလွမ်းပင်လယ်တွေဝေစေသလို
ဘဝအသွင်သဏ္ဍာန်တွေကိုလည်း
တစ်မျိုးဖြစ်စေခဲ့တယ်။

ပြိဿရာသီဖွားအဖြစ် ဖန်တီးထားခဲ့တဲ့ဘဝကို
ပုံသွင်းတည်ဆောက်ရင်း
ဘဝကိုချင်းနင်းလျှောက်လှမ်းစေခဲ့တယ်။

စက္ကန့်နဲ့အမျှ ဧပရယ်က
ကိုယ့်ဘဝကို တွန်းတင်ခဲ့တယ်။

ရာသီတွေအလီလီပြောင်းပေမယ့်
ဧပရယ်အကြောင်းကိုတော့
ကိုယ်ဘယ်လိုမှ မမေ့စကောင်းပါ ...။

အချိုးအကွေ့ဘဝနေ့တွေကို
ကျော်လွန်ဖြတ်သန်း အရောက်လှမ်းခဲ့ပေမယ့်
ဧပရယ်ကို ကိုယ်တစ်ကယ် မေ့မရခဲ့ရပါဘူး။

ဧပရယ်ဟာ ကိုယ့်ဘဝမှာအမှတ်တရ
အချိန်တွေလည်း တစ်စတစ်စနဲ့ ပြောင်းလဲခဲ့ပြီ ဧပရယ်ရေ...။
အတိတ်တွေလည်း ဟောင်းနွမ်းခဲ့ပြီ ဧပရယ်ရေ ...။

ဟော ...
ဧပရယ်နဲ့ ဆုံပြန်ပြီတစ်ခေါက်
အရင်ကနဲ့မတူ တမူထူးခြားလို့တောင်နေသေးတယ်။

နွေရာသီမှာပွင့်လန်းတဲ့ ပိတောက်ပန်းတွေကို
လှလှပပဆင်မြန်းထားတဲ့ ဧပရယ် ...
ကိုယ့်ဘဝကိုစခွင့်ပေးခဲ့ ဧပရယ် ...
နင်သိပ်လှပနေတုန်းပဲ ...
အရင်လိုပါပဲလား ဧပရယ် ...။

စံလင်းထွန်း

copy image location here

5 comments:

Flower said...

အော်
ဧပရယ်ဖွားကိုး
ံပျော်စရာမွေးလလေး ဖြစ်ပါစေနော်
ရက်မသိလို့ လနဲ့ဘဲ ဆုတောင်းပေးသွားပါတယ်
ဧပရယ်ဆိုတာ နံမည်လေးကြားယုံနဲ့တင် ရင်ခုန်ရပါတယ်..
ပျော်စရာကောင်း လွမ်းစရာလဲကောင်းတဲ့ လတစ်ခုလို့ လက်ခံထားမိပါတယ်..
ဧပရယ်ကဗျာလေးကို နှစ်ခြိုက်စွာ ခံစားသွားပါတယ်..

ညလင်းအိမ် said...

တော်သေးတာပေါ့ဗျာ ... ရင်နာတယ် ဧပရယ် ရယ် မဖြစ်လို့ ...း)

~ဏီလင်းညို~ said...

စံလင်းရေ......
ကဗျာလေးကို ခံစားမိတယ်....။
မွေးနေ့ရောက်တော့မှာလား....
ဘာကျွေးမှာတုန်း.....း))
ခင်မင်တဲ့
ဏီလင်းညို

www.sawthakler.my design said...

လာပြီးအားအားပေးနေတဲ့ သူပါနော်.....။

www.sawthakler.my design said...

လာပြီအာပေးနေပါတယ်ဗျာ။ကြိုးစားပေါ့ ကျမ်းမာရေးလည်းဂရုစိုက် တော်ကြာ( )........