Sunday, April 4, 2010

တစ်လမ်းသွား



တစ်လမ်းသွား

လောကအတွက် ဒဿနပန်းတွေပျိုးနေချိန်မှာ
အချစ်မဲ့လမ်းတွေက ကျိုးပဲ့ကာနွမ်းကြေနေပြီ ...။

ဘဝအတွက် လမ်းတွေဖောက်နေချိန်မှာ
တစ်ယောက်သောသူအတွက် လမ်းတွေကတော့
အလိုလိုပျောက်ပျက်နေပြီ ...။


ဘဝတွေက ရင်မှာခါးနေချိန်မှာ
အချစ်ဆိုတာက ရင်မှာ ရွှေလိုရှားပါးလာနေပြီ ...။

ငါ့အတွက်တော့ ...
ဘဝဆိုတာ ...
အနားမသတ်သေးတဲ့ဖျာတစ်ချပ်

အချစ်ဆိုတာ ...
ဆားခပ်မထားတဲ့ ရသပျက်ဟင်းတစ်ခွက်

အမုန်းဆိုတာ ...
အရှုံးတွေနဲ့ ဖျော်စပ်ထားတဲ့
ခါးသက်သက်ကော်ဖီတစ်ခွက်လို့ပဲ သတ်မှတ်လိုက်တယ် ...။

စံလင်းထွန်း


copy image location here

4 comments:

အင်ကြင်းသန့် said...

..........ဘဝတွေက ရင်မှာခါးနေချိန်မှာ
အချစ်ဆိုတာက ရင်မှာ ရွှေလိုရှားပါးလာနေပြီ ...။

အဲဒီ အကြောင်းလေးကို သဘောကျမိတယ်။

ခင်မင်စွာဖြင့်
မအင်ကြင်း

~ဏီလင်းညို~ said...

စံလင်းရေ......
ခက်တော့နေပြီ.....
“အမုန်းဆိုတာ ...
အရှုံးတွေနဲ့ ဖျော်စပ်ထားတဲ့
ခါးသက်သက်ကော်ဖီတစ်ခွက်လို့ပဲ သတ်မှတ်လိုက်တယ်”...တဲ့လား........။
အစ်ကိုက ကော်ဖီအရမ်းကြိုက်တယ်လေ..........း((
ခင်မင်တဲ့
ဏီလင်းညို

အကြမ်းထည် said...

အစ..အဆုံး..ပြုံးလို့ကျေနပ်မိပါတယ်။
carry on man!

Minn Swe said...

ဒီကဗျာလေးဟာ တိုက်ဆိုင်နေတယ်ဗျာ။
feel something sad and sorrow after read.
I aslo lost it.
anyway, thanks.