Friday, September 24, 2010

သခ င်္ါရ


သင်္ခါရ

အရာရာဟာမတည်မြဲဘူးဆိုပေမယ့်
မတည်မြဲခြင်းတရားကိုမှ ဖွေရှာနေကြသူတွေ
ဒီကမ္ဘာမှာအသင်္ချေ ...
ငါလည်းအခုထိ ရှာဖွေနေမိဆဲ ...
ဘာကြောင့်မတည်မြဲတာကိုမှ
တည်မြဲစွာတောင်းတနေမိတာလဲ ...

အမှန်တကယ်တော့ ....
သင်္ခါရတရားနောက်မှာ ...တို့တွေဟာ
တကောက်ကောက်နဲ့ တောက်လျှောက်လိုက်နေခဲ့သူတွေပါပဲ ...

ငါ့လက်ထဲမှာဖမ်းဆုပ်ထားတဲ့ သက်မဲ့ဒြပ်ရှိတဲ့အရာတွေကို
သတိနဲ့ငါပြန်ကြည့်မိတယ် ...
အရောင်တွေစုံတဲ့ကောင်းကင်ပေါ်က
ငါ့ကြယ်အိမ်မက်တွေကတော့ မပီဝိုးတဝါးရှိနေဆဲပါပဲ ...

ဘယ်အချိန်ဆိုတာငါမသိပေမယ့်
ငါ့သတိတွေက သင်္ခါရတရားများကို ကြိုကြည့်နေခဲ့သေးတယ် ...

သြော်...
သစ်ရွက်တွေတောင်မှ မြေမှာကြွေကျပြီးခကြရသေးတာပဲ ...
အချိန်တန်တော့ ငါတို့လည်း သေကြကြေကြရဦးမှာပါလား ...

ငါပိုင် ...ငါဆိုင် ...ငါပြိုင်တဲ့ အတ္တပွဲတွေတိုင်းမှာ
သူဟာ ...အရိပ်တကြည့်ကြည့်နဲ့စောင့်နေခဲ့တယ် ...

ဒါပေမယ့် ..သူဟာလူဆိုးလည်းမဟုတ်သလို
လူကောင်းလည်းမလုပ်ဘူး ...

တကယ်တော့ ...
သူဟာ ...အရာရာကို တရားမျှတစွာ အဆုံးစီရင်လေ့ရှိတဲ့
လောကရဲ့ တစ်ဦးတည်းသော တရားသူကြီးပါပဲ ...

စံလင်းထွန်း

6 comments:

ခိုင်နုငယ် said...

သင်္ခါရတွေထဲမှာ ပျော်နေသမျှ
ငါစွဲတွေလည်း ပြုတ်ဖို့မလွယ်သေးဘူး။
ကိုစံလင်းထွန်းရေ..ကဗျာလေးကိုနှစ်ခြိုက်စွာ
ဖတ်သွားပါတယ်။

သော်ဇင်စိုး said...

မတည်မြဲလို့ကို ရှာနေကြရတယ်လို့ ထင်တယ်ဗျာ.. :D

အဖြူရောင်နတ်သမီး said...

ဖိတ်စာလာပို့ရင်း...
ကဗျာလေး ခံစားသွားပါတယ်..
သင်္ခါရသဘောလေး...စိတ်ထဲထည့်ယူသွားပါတယ်..။


အစဉ်လေးစားလျှက်...

akm said...

ကဗျာလေးကို အားပေးခဲ့ပါတယ်. အမှတ်တရဖြစ်ပါစေ.

ချမ်းလင်းနေ said...

ညီစံလင်းရေ နှစ်သစ်မှာ ပျော်ရွှင်စွာနဲ့ ငါပိုင်၊ ငါဆိုင်၊ ငါပြိုင် တွေနဲ့ ကင်းဝေးပါစေဗျာ။

အလွမ်းမြို့လေး said...

အလွမ်းမြို့လေး

လာရောက်လည်ပတ် ကဗျာဖတ်သွားတယ်။
ကြိုက်တယ်...ရင်ဘတ်ထဲထိ ရောက်တယ်.
ပျော်ရွှင်ပါစေ