Saturday, December 19, 2009


အမေသို့...

အမေ...သတိရနေတယ်
အမေ...တမ်းတနေတယ်
အမေ...လွမ်းရပါတယ်
အမေ...မှန်းဆကာရယ် တမ်းတပါတယ်
ဟိုတချိန်က...အမေ့သား
အခုတော့ အမေ့အပါးမှာ မနေနိုင်ရှာ
လွမ်းရေးထက် ဝမ်းရေးခက်မို့
အပြေးထွက်ခဲ့ အမေ့ရဲ့ရင်ခွင်ထက်ကသား
တိုင်းတပါးမှာ အနေကြာခဲ့
အမေကိုလွမ်း အိမ်ကိုတမ်းတ
ရည်မှန်းချက်တွေနဲ့ ခရီးဆက်ခဲ့ရင်း
ပြည်တော်ပြန် အိမ်မက်ခရီးပြီးဆုံးဖို့
အိမ်အပြန် ဇီမ်ခံလက်မှတ်ဝယ်ရန် ကြိုးစားဆဲ....။

စံလင်းထွန်း


photo copy from google image.

5 comments:

မိုးခါး said...

း)
အမြန်ပြန်နိုင်ပါစေ အမေ့ အိမ်ကိုး))

မောင်သီဟ said...

ကျွန်တော်လဲလွမ်းသွားတယ်ဗျာ

ကဗျာဦး said...

လွမ်းပါတယ်ဆိုမှ

~ဏီလင်းညို~ said...

ကိုစံလင်းထွန်းရေ...
ကဗျာလေးလည်းဖတ်ပြီးရော...
မေမေ့ကို တစ်ကယ်လွမ်းသွားတယ်ဗျာ...။

ခင်မင်တတ်တဲ့
ဏီလင်းညို

Unknown said...

ကဗျာလေး ကောင်းလိုက်တာဗျာ အားပေးနေမယ်ဗျာ ဆက်လက်ပီး အမေကိုလွမ်းတဲ့ ကဗျာလေးရေးပါဦးဗျာ ကျေးဇူးတင်ပါတယ်ဗျာ..........