Friday, January 29, 2010

သော့ခတ်အလွမ်း




သော့ခတ်အလွမ်း

ကြုံရဆုံရ ငယ်ဘဝရဲ့
တခဏစာ အလွမ်းဟာဖြင့်
သည်ရင်ထဲတွင် ထာဝစဉ်တိုင်
မှတ်မှတ်ရရ ဖြစ်ခဲ့ကြပြီး
အတိတ်ဆီမှာ လွမ်းဒဏ်ရာချက်
နှလုံးသားထက် ကြေကွဲအက်ကာ
အလွမ်းဒဏ်ရာ အသဲနာနာ
စိတ်တွေကြေမွ တမ်းတမ်းတရင်း
အတိတ်ဆီက ငယ်ဘဝအား (ကို)
စိတ်အမျှင်က ဖြတ်မရနိုင်
အရိပ်တွေဟာ စိတ်အစဉ်ထဲ
အစဉ်အမြဲ စွဲညှိဆဲမို့
အမျှင်မပြတ် သံယောဇဉ်ဆက်
နှလုံးသားထက် ဒဏ်ရာဒဏ်ချက်
သော့ခတ်လျက်သာ သိမ်းဆည်လာရင်း
လွမ်းနေလျက်ပါ ချစ်သက်လျာ ...။

စံလင်းထွန်း


photo copy from google image.

3 comments:

အယ်ကို said...

ဒီလို ကဗျာမျိုးကိုကြိုက်တယ်။ သော့ခတ်အလွမ်းတဲ့ .. စိတ်ကူးကောင်းတယ်ဗျာ ကိုစံလင်းထွန်း ။

လေးစားလျက်

ညလင်းအိမ် said...

ငယ်ဘ၀ကို လွမ်းနေတာလား...
ငယ်ချစ်ဦးကို လွမ်းနေတာလား....
လွမ်းပါဗျာ ....
သော့ခတ်ပြီးတောင် သိမ်းလာခဲ့ရတာကို...

ခင်မင်စွာဖြင့်

Anonymous said...

သော့ခပ်ပြီးတောင် လွမ်းတယ်ဆိုတော့..
မလွမ်းပါနဲ့တော့ ..
သော့ခပ်ပြီး သိမ်းထားလိုက် ကိုစံလင်းရေ..