Sunday, December 27, 2009


ကဗျာဆိုတာ

တစ်ကယ်တော့
ကဗျာဆိုတာ ကဗျာပါပဲ
ကဗျာကို ဖွင့်ဆိုဖို့
အဓိပ္ပာယ်တွေ ရှာဖွေနေလည်း
ကဗျာကို ရေးဖွဲ့ဖို့
ကာရံတွေကိုတော့
အကြိမ်ကြိမ်အလီလီ
သီကုံးနေရာမှာပဲ။
တစ်ကယ်တော့
ကဗျာဆိုတာ ဘာကိုဆိုလိုတာလဲ ...
ကာရံစာသား ကဗျာသွားအလှတွေနဲ့
အတိအကျ ရေးဖွဲ့ကြမှ
ဒါ...ကဗျာလို့
ကဗျာဆရာတချို့က
စံသတ်မှတ်ကာ ဘောင်တွေကွပ်ကြတယ် ...။
ကဗျာတွေကို ချုပ်တည်းပစ်ကြတယ် ...။
ခံစားမှုရှိပေမယ့်
လွတ်လပ်မှု မရှိတဲ့ကဗျာ
အထိန်းအကွပ်များတဲ့ ကဗျာဟာ
ကဗျာဆရာတို့ရဲ့ ကဗျာလား ...။
ပေးချင်တဲ့ အတွေးနဲ့ ရသသုတကို
လွပ်လပ်စွာ ပေးနိုင်ပါရဲ့လား ...။
မော်ဒန်ကဗျာဆိုတာ
အထင်သေးစရာ အမြင်သေးစရာ
ပညာသားမပါတဲ့ အကျိုးမဲ့ကဗျာ
စည်းကမ်းမရှိတဲ့ကဗျာဟု
ုကာရံကဗျာသမားတချို့က
ထောပနာပြုကြတယ် ...။
တစ်ကယ်တော့ ...
မော်ဒန်ကဗျာလည်း ကဗျာပါပဲ...။
ုကာရံကဗျာလည်း ကဗျာပါပဲ ...။
ကဗျာဆန်ချင်ရင် ...
ကဗျာလိုတွေး ကဗျာလိုရေးပါ
ကဗျာဆိုတာ ...
ရင်ထဲကလာတဲ့ တေးသံသာ
ကဗျာဆိုတာ ...
လွတ်လပ်ခြင်းရဲ့ အနှစ်အရသာ
ကဗျာဆိုတာ ...
အနှောင်အဖွဲ့ကင်းလွတ်တဲ့ အနုပညာ
ကဗျာဆိုတာ ...
လိုအပ်ခြင်းရဲ့ တစ်ခုတည်းသောအရာ
ကဗျာဆိုတာ ...
ဆောင်လောင်ငတ်မွတ်ခြင်းတို့ရဲ့ အကောင်းဆုံးသော ဖြေသိမ့်ရာ ...

စံလင်းထွန်း

No comments: