ကိုယ်တွေ့ဖြစ်ရပ်
နွေရယ်မိုးဆောင်း ရာသီပြောင်းလည်း
စိတ်အစဉ်တွင် ဆွေးတမျှင်မျှင်
အတိတ်ဆီမှာ အရိပ်ဟာကျန်
အသဲကွဲရှ သတိရလျက်
အတိတ်ဒဏ်ရာ အရိပ်ဟာဖြင့်
အမျှင်မပြတ် သံယောဇဉ်ဆက်
နှလုံးသားထဲ စွဲငြိဆဲမို့
ဒီတစ်သက်စာ ချစ်နေတာလား
ဝေခွဲမရ သံသယဖြင့်
ကိုယ့်ကိုယ်ကိုယ်ပဲ ပြစ်တင်ကျိန်ဆဲ
စွဲစွဲလန်းလန်း ဖြစ်နေမှန်းကို
ကိုယ်တွေ့ကြုံမှ ယုံရပြီ...။
စံလင်းထွန်း
နွေရယ်မိုးဆောင်း ရာသီပြောင်းလည်း
စိတ်အစဉ်တွင် ဆွေးတမျှင်မျှင်
အတိတ်ဆီမှာ အရိပ်ဟာကျန်
အသဲကွဲရှ သတိရလျက်
အတိတ်ဒဏ်ရာ အရိပ်ဟာဖြင့်
အမျှင်မပြတ် သံယောဇဉ်ဆက်
နှလုံးသားထဲ စွဲငြိဆဲမို့
ဒီတစ်သက်စာ ချစ်နေတာလား
ဝေခွဲမရ သံသယဖြင့်
ကိုယ့်ကိုယ်ကိုယ်ပဲ ပြစ်တင်ကျိန်ဆဲ
စွဲစွဲလန်းလန်း ဖြစ်နေမှန်းကို
ကိုယ်တွေ့ကြုံမှ ယုံရပြီ...။
စံလင်းထွန်း
No comments:
Post a Comment