Friday, December 18, 2009


အနေတတ်ဖို့

အဆိုးကိုမြင် အကောင်းမထင်
လောရဲ့ဇာတ် အမြင်ကပ်လျက်
အနေမတတ် အနေခက်ခဲ့ရင်
သင်သည်သောကရဲ့ မောဟသားကောင်
ဖြစ်မှန်းမသိ ဖြစ်နေပေပြီ...။
လောကကြီးကို အပြစ်ဆိုနေမယ့်အစား
အကောင်းမြင်စိတ် ရင်မှာသိုသိပ်ရင်း
လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့လိုက်စမ်းပါ ...။

စံလင်းထွန်း


photo copy from google image.

1 comment:

သုခုမလေဒီ said...

ဒဿနကဗျာလေးက မှန်တယ်။ သောကရဲ့ မောဟ သားကောင် ဖြစ်မှန်းမသိဖြစ်နေလို့၊ ပြုပြင်ရပါအုံးမယ်။