Friday, March 5, 2010

မေတ္တာစာ


ဘလော့ဂ်မှာ လာရောက်အားပေးသူများအား အထူးကျေးဇူးတင်မိသလို အားလည်းနာရပါတယ်ခင်ဗျာ ..။


ကျွန်တော်အွန်လိုင်းမှာ မရှိသခိုက် မောက်မာရိုင်းစိုင်းသူ လူတစ်ယောက် စီဘောက်မှာ ဆဲရေးတိုင်းထွာခြင်း၊ အဆင့်အတန်းမရှိသော စာများရေးသားပြီး စာဖတ်သူနဲ့ ကျွန်တော့်ရဲ့ ယုံကြည်မှုပေါင်းကူးတံတားကို ပျက်ပြားအောင် လာရောက်ဖျက်စီးနေပါတယ်။

ကျွန်တော့်အတွက် ပြဿနာမရှိပေမယ့် အပြစ်မရှိတဲ့ စာလာဖတ်သူများကိုပါ ဆဲရေးတိုင်းထွာဂုံးတိုက်တာတွေ လုပ်သွားသည်ကြောင့် စာဖတ်သူနဲ့ ကျွန်တော့်အကြား အထင်အမြင်လွဲမှားသွားစေနိုင်ပါတယ်။

ကျန်တာတော့ ကိစ္စမရှိပါဘူး။ သူပေးတဲ့အရာ ကိုယ်ကမယူရင် သူ့ဟာသူပဲ ပြန်ရသွားမှာပေါ့ဗျာ ...။

ငမိုက်ငနွားလေးအတွက် မေတ္တာစာ

ဆိုင်းမဆင့်ဗုံမဆင့် ကိုယ်ပိုင်လင့်မပါ
အလည်ရောက်လာ မိန်းမရှာလို
စကားအပိုတွေနဲ့ ခနဲ့တဲ့တဲ့
ငါ့စီဗုံးထဲ မိုက်ကြေးခွဲသွားသည့်
အမောင်ငနဲသား ကြောင်ပြီးလဲသွားဦးမယ် ...။

ရူးကြောင်မူးကြောင်စကား ငါ့မှာဂရုမစိုက်အား
ငါ့သမိုင်းများမှာ မင်းမပါ
မင်းအတွက်နဲ့ ဗလာစရွက်
မှင်တစ်စက်မက ကဗျာရေးချ
အချိန်ပေးလိုက်ရလို့ မာန်တက်မပြပါနဲ့ဦး ...။

ပြောချင်တာပြော မင့်သဘောထား
ငမိုက်ငနွား မင့်သမိုင်းများမှာ ငါမပါ
ငါ့အတွက်နဲ့ရယ် မင့်ဥာဏ်ကဇီးရွက်နှယ်
ဦးနှောက်အပျက်ခံလို့
IP လိမ်စား အကြံသမားလေးရယ်
မင့်သမိုင်းအတွက် ရင်လေးတာပဲရှိတယ် ...။

ကိုယ့်သမိုင်းကိုယ် ကောင်းအောင်ထုဆစ်လို့
အကျိုးပြုတဲ့ အရာတွေဖြစ်ဖို့
ကြိုးစားနေရစ်သခိုက် အမှိုက်သရိုက်တွေနဲ့
နှောက်ယှက်တိုက်ခိုက်နေလည်း
လောကဓံသဘောတရား နားလည်ထားသမို့
မင်းလို အာပလာမှတ်တဲ့ ငမိုက်ငနွားလေးအတွက် ...
ပျာယာခတ်ကာ ငါ ..မမိုက်သေးပါဘူး ...။

သနားစရာ သတ္တဝါလေးမို့
သမိုင်းစာမျက်နှာမှာ
မေတ္တာစာလေးတော့ ရေးလိုက်မိပါတယ် ...။

အမောင် ... ငမိုက်ငနွား
ကျန်းမာပါစေ ... ချမ်းသာပါစေ ...
အန္တရာယ်ကင်း ဘေးရန်ရှင်းပါစေ ...။

အဖြူရောင်မေတ္တာဖြင့်
စံလင်းထွန်း

5 comments:

Flower said...

ခုတစ်လောစီဘောက်ပြဿနာ နေရာတကာမှာ ကြားနေရတယ်
ဘယ်လိုစိတ်နဲ့များ ခုလို လိုက်အော်ရဲနေကြတာလဲမသိ..
ကိုယ့်မထိခိုက်ရင် အေးအေးသက်သာ နေကြပါတော့လားနော်..
ကြားရတာ စိတ်ညစ်စရာတွေချည်း....

အဖြူရောင်နတ်သမီး said...

နတ်သမီးကတော့ C-Box ဖြုတ်ထားလိုက်ပြီ...
ကိုယ့် C-Box မှာတင် ရေးသွားတာ မဟုတ်ဘူး...
သူများတွေရဲ့ C-Box မှာလဲ နတ်သမီး နာမည်နဲ့ မဟုတ်တာတွေ လိုက်ရေးနေတာ...။
ရန်ညှိုးလည်းမရှိပါပဲနဲ့..းးးးး(((((((((((((

Anonymous said...

ဒီလိုပါပဲကွယ်..............

မြတ်မွန် said...

ဖြစ်တက်ပါတယ်..
စီဘောက်ဖြုတ်ထားလိုက်ပေါ့..
ကိုစံလင်းထွန်း နေကောင်းတယ်နော်..
ခုမှ ရောက်လာတာ ဆော်တီးပါ..။

Anonymous said...

သူများတွေ ဘယ်လိုပဲပြောပြော ဆက်လက်ကြီဲုးစားသူငယ်ချင်းရေ
အားပေးနေပါ့မယ် ...