Sunday, January 17, 2010


အွန်လိုင်းရောက်တုန်းခဏ ...

ဘလောဂ့်ကိုလွမ်း လှမ်းကာမှန်းလို့
ရေးဖို့ကြံရွယ် စိတ်ကူးတွေနှယ်
ကြက်ပျောက်ငှက်ပျောက် ဟိုရောက်ဒီရောက်
စိတ်မှန်းချက်နဲ့ ခြေလှမ်းတစ်ဝက်
အိမ်မက်ကမ်းတစ်ဘက်
လမ်းမှာကျပျောက်နေရတယ် ...။

အွန်လိုင်းဆိုတာ အနီးနားမယ်
ဘာမှမရှိ ဗလာနတ္တိပေါ့
ကြွက်တစ်ကောင်ကြောင်တမီးတောင်
မရှိအောင် ရှားတဲ့နေရာ
ဝေသီခေါင်ပါး တောင်စွယ်ဖျား ..
(မယ်ဇာတောင်ခြေတော့မဟုတ်ရပါဘူးဗျာ)
စက်ရုံအလုပ်ရုံတွေအကြား
အလုပ်သွားအလုပ်ပြန်
ငွေဆိုတဲ့ကမ်းအတွက် ခရီးဆက်ရန်
ပဏာမမို့ ခဏအသာထားလို့
့ဘလောဂ့် မှန်မှန်မရေး
ဘလော့ဂ် မှန်မှန်မပတ်
မအားမလပ် အနားမကပ်နိုင်
အွန်လိုင်းသို့ရောက်သည့်တိုင်
ခဏဆိုသော သတိအသိကြောင့်
ပြန်လစ်ရပါကြောင်း ...။

များမကြာမီ လာပါမည်မျှော် ...
(လာလည်သူအားလုံးမင်္ဂလာပါ ...)

စံလင်းထွန်း

4 comments:

Anonymous said...

မအားရင် အားတဲ့ အခါရေးပေါ့။
စောင့်ဖတ်ဖို့ အဆင့်သင့်ပါ..ကိုစံလင်းရေ....။

ညလင်းအိမ် said...

ဟုတ်တယ်ဗျ...
အားတဲ့ အခါရေးပေါ့...
အားပေးနေမယ့်သူတွေက အသင့်ပါပဲဗျာ..

ဇွန်မ said...

တစ်ပုဒ်ဆိုလဲ တစ်ပုဒ်ပဲ ထိထိမိမိ ကဗျာလေးနော် :)

Anonymous said...

တစ်ခါ တစ်ခါ အဲလို ဖြစ်သွားတဲ့ အခါမျိုးတွေ

ရှိတတ်တာတော့ အမှန်ပါ ။ :)