Thursday, December 31, 2009


ကြိုဆိုပါတယ် ၂၀၁၀ ...

နှစ်သစ်ဆိုလို့ အမှတ်ရမှ
အတွေးတစ်စက ပေါ်လာတယ် ...
၂၀၀၉ မှာ ကြုံရတာတွေ
ပြန်ပြောင်းအောက်မေ့ လွမ်းဆွေးတွေးတော
ငေးမောရင်းမယ် အတိတ်ဆီဝယ် ပြေးကြည့်နေပြန်တယ် ...

နှစ်သစ်ကူးမှာ လူတကာမြူးနေချိန်
ကိုယ်တစ်ဗွေထဲ ဘဝဆိုတဲ့ အရှုပ်ထုပ်ထဲမှာ
ကိုယ့်အတွက်တော့ ဟက်ပီးနယူးရီးယားက ဘာမှမထူးခြားဘူး ...
ငေါင်တောင်ကြောင်တောင် သတိမထားမိအောင် မေ့နေခဲ့တာ ...

ဘာမှမဟုတ်တဲ့ ဘဝသရုပ်ကို
ပုံဖော်ထုလုပ်ခဲ့တာ အချိန်အတော်ကြာပေါ့ ...
အခု လာပြန်ပပေါ့ နောက်တစ်ကြော့ ၂၀၁၀ တဲ့
စောင့်နေမယ်လေ ...
မင်းဘာပညာတွေ ထပ်ပေးဦးမလဲလို့ ...။

စံလင်းထွန်း

photo copy from google image.

3 comments:

ဒဏ္ဍာရီ said...

နှစ်တနှစ်ကတော့ သမိုင်းမတွင် စာမထင်စွာ ပြီးဆုံးလို့ ထွက်ခွါသွားတော့မယ်။

လာမယ့် ၂၀၁၀ ဆိုတဲ့ နှစ်သစ်မှာ သမိုင်းတွင်ကျန်ရစ်စေမယ့် နှစ်တနှစ်လေး ဖြစ်ပါစေလို့ ဆုတောင်းရင်း ကြိုဆိုလိုက်ကြတာပေါ့။

HAPPY NEW YEAR !!!

ခင်မင်လေးစားလျှက်

မြတ်မွန် said...

၂၀၁၀က လှပတဲ့ လှည့်ကွက်လေးတွေနဲ့ ကောင်းသော ပညာတွေ ပေးမယ်လို့ မျှော်လင့်တယ်နော်..။ ကိုစံလင်း အတွက် ကောင်းသော နှစ်သစ်လေး ဖြစ်မှာပါ......။

~ဏီလင်းညို~ said...

စံလင်းရေ
အစ်ကိုကတော့ အဲ့ဒီညက အလုပ်ထဲမှာပါဗျာ...
(သနားစရာလေးနော်...)
ခင်မင်တဲ့
ဏီလင်းညို