Monday, March 22, 2010


ဘဝမီးပွိုင့်

ပန်းတိုင်အတွက် စောင့်လျက်
တစ်စီးပြီးတစ်စီးထွက်
ရှေ့ကားနောက်ကားတွေတန်းစီလျက်
ဘဝလမ်းတွေဥဒဟို
ကားလမ်းတွေအသွယ်သွယ်
အစီအစဉ်တကျ တန်းစီစောင့်ရ
ကျော်မတက်ရ ဘေးချင်းမချိတ်ရ
ဘေးကမပတ်ရ ဖြတ်မဝင်ရ
ယာဉ်မှာယာဉ်စီးကမ်း
လမ်းမှာလမ်းစီးကမ်းရှိသလို
ဘဝမှာလည်း ဘဝစည်းကမ်းတွေရှိတယ်။

မီးပွိုင့်ဆိုတာ
သူ့မှာအလှည့်ကျ နီဝါစိမ်း လုပ်ပေးရတဲ့အလုပ်ပဲ။

ဘဝမှာလည်း မီးပွိုင့်လို သူ့အလှည့် ကိုယ့်အလှည့်ကျအောင်စောင့်ရတယ်။
လောလောဆယ်နီပေမယ့်
အချိန်ကျရင် စိမ်းလာမှာသေချာတယ်။

စောင့်တဲ့သူ စိတ်ရှည်ဖို့သာလိုအပ်တယ်။

စံလင်းထွန်း

(ဝန်ခံစကား ။ ။ စက်ဘီးနင်းရင်း ဒီနေ့မြို့ထဲအလာမှာ မီးပွိုင့်တစ်ခုကိုစောင့်ရတယ်။ ဘဝမှာလည်း ဒီလိုပါပဲလားလို့ သက်ပြင်းတွေချမိရင်း အဲဒီမီးပွိုင့်ကြီး စိမ်းအလာကို စောင့်နေမိခဲ့ပါတယ်။ နောက်ပြီး မီးပွိုင့်ကြီးနီနေတာကိုကြည့်ရင်း ကြည့်ရင်းက ကဗျာအတွေးတွေ နှလုံးသားထဲက တစိမ့်စိမ့်ထွက်လာတာနဲ့ ဒဿနကဗျာတစ်ပုဒ်ကို ကြုံတုန်းရေးလိုက်မိပါတယ်ဗျာ။ အတွေးတစ်ခုရနိုင်ပါစေ ..လို့ ဆန္ဒပြုပါတယ်။)

1 comment:

ညလင်းအိမ် said...

ဟုတ်တယ်ဗျာ ဘ၀ဆိုတာ ဒီလိုပါပဲ ...