Tuesday, December 22, 2009


အမုန်းလက်ဆောင်

အစိမ်းလိုက်ခွဲ ငါ့ရင်ထဲမှာ
ရှင်ကွဲကာနာ တစ်ယောက်ထဲငါ
ပြန်ခဲ့ပါကွာ မိန်းကလေးရယ် ...
နေမရတာ ခဏတာလား
တစ်ဘဝစာ ဘဝင်မကျတာလား
သေချာတာက ဒီခဏမှာ
ကိုယ်ကြေမွစွာ ရင်ကွဲနာကျ
ရင်ထဲမှာရှ မရိုးမရွ
ငါသေလောက်အောင် နင့်လက်ဆောင်က
အဲဒီလောက်တောင်လား ...။

စံလင်းထွန်း

photo copy from google image.

No comments: