ဆောင်းရာသီအလွမ်း
ဆောင်းရာသီမှာ အေးချမ်းသာပြီး
ပျော်ရွှင်မဆုံး တပြုံပြုံးဖြင့်
အိမ်တစ်အိမ်မှာ သာသာယာယာ
နွေးနွေးထွေးထွေး သိုက်မြုံလေးတွေ
မိသားစုက သူတို့ဘဝ
ရင်မှာကြည်နူး ပျော်ခဲ့ဘူးသည်။
ခုဆောင်းရာသီ ရောက်ခဲ့ပြီလေ
ဟိုတချိန်က အတူတကွ
ပျော်ခဲ့ရတဲ့ မိသားစုရဲ့
ဘဝလေးတွေ မှတ်မိနေသည်။
ခုများတော့လည်း တစ်ယောက်တည်းပဲ
ရေခြားမြေခြား တိုင်းတပါးမှာ
အလွမ်းတွေကို ကြိတ်ကာမြိုသိပ်
ဘဝဝမ်းရေး ကောင်းဖို့တွေးရင်း
အတိတ်ကဆောင်း ပြန်လည်အောက်မေ့
လွမ်းတငွေ့ငွေ့ ဆွေးဆွေးမြေ့မြေ့
ရင်မှာမှန်းရင်း လွမ်းသီချင်းသီ ....။
စံလင်းထွန်း
ဆောင်းရာသီမှာ အေးချမ်းသာပြီး
ပျော်ရွှင်မဆုံး တပြုံပြုံးဖြင့်
အိမ်တစ်အိမ်မှာ သာသာယာယာ
နွေးနွေးထွေးထွေး သိုက်မြုံလေးတွေ
မိသားစုက သူတို့ဘဝ
ရင်မှာကြည်နူး ပျော်ခဲ့ဘူးသည်။
ခုဆောင်းရာသီ ရောက်ခဲ့ပြီလေ
ဟိုတချိန်က အတူတကွ
ပျော်ခဲ့ရတဲ့ မိသားစုရဲ့
ဘဝလေးတွေ မှတ်မိနေသည်။
ခုများတော့လည်း တစ်ယောက်တည်းပဲ
ရေခြားမြေခြား တိုင်းတပါးမှာ
အလွမ်းတွေကို ကြိတ်ကာမြိုသိပ်
ဘဝဝမ်းရေး ကောင်းဖို့တွေးရင်း
အတိတ်ကဆောင်း ပြန်လည်အောက်မေ့
လွမ်းတငွေ့ငွေ့ ဆွေးဆွေးမြေ့မြေ့
ရင်မှာမှန်းရင်း လွမ်းသီချင်းသီ ....။
စံလင်းထွန်း
2 comments:
အင်း
ဆောင်းရာသီမှာ လူတွေ ပိုလွမ်းတတ်သလား မပြောတတ်ပါဘူး .. :D
ကဗျာလေး ခံစားသွားပါတယ်.
ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်ပေါ့
နော်.း) အဆင်ပြေပါစေ.
Post a Comment