Thursday, January 21, 2010

ဟီးရိုးမဟုတ် မီးခိုးမထုတ်


ဟီးရိုးလည်း မဖြစ်ချင်ဘူး ..
မီးခိုးလည်း အဖြစ်မခံနိုင်ဘူး ...
တီးတိုးရွာနေခဲ့တာတွေဟာ ...
ဟီးရိုးဖြစ်ချင်လွန်းလို့
မီးခိုးတိုက်နေခဲ့တဲ့
အရူးမိုးဇာတ်လမ်းတွေ မဟုတ်ဘူး...။

လူတိုင်းဟာ
ခံယူချက်မတူဘူး
အမြင်ခြင်းမတူဘူး
ရှုထောင့်တွေမတူညီကြဘူး ...။

ဒါပေမယ့်
အသွင်တူတယ် ...။

ခံယူချက်က
ဘဝရဲ့ အနှစ်သာရ
ယုံကြည်ချက်က
စိတ်ခွန်အား
ထင်မြင်ချက်ဆိုတာ
ဝေဝါးနေတဲ့အရာ
ရှုထောင့်မတူလည်း
သဘာဝကျကျကြည့်မယ် ...။

ခံယူချက်ခြင်းမတူလည်း
နားလည်ပေးပါ
ထင်မြင်ချက်မတူလည်း

ခွင့်လွှတ်ပေးပါ
ယုံကြည်ချက်မတူလည်း
သည်းခံပေးပါ ...။

ဒါတွေဟာ..
ဟီးရိုးမဟုတ်
မီးခိုးမထုတ်
တကုတ်ကုတ်နဲ့
ဘဝသရုပ်ထုနေတဲ့
ကျွန်တော့်အလုပ်တွေပဲ ...။

စံလင်းထွန်း

(မှတ်ချက် ။ မိမိခံစားချက်အရ ရေးတဲ့ကဗျာတစ်ပုဒ်မို့ မည်သူ့ကိုမှ ထိခိုက်စေချင်လို့မဟုတ်ပါ။)

8 comments:

ညလင်းအိမ် said...

ခံယူချက်က
ဘဝရဲ့ အနှစ်သာရ
ယုံကြည်ချက်က
စိတ်ခွန်အား
ထင်မြင်ချက်ဆိုတာ
ဝေဝါးနေတဲ့အရာ
ရှုထောင့်မတူလည်း
သဘာဝကျကျကြည့်မယ် ...။


မှန်တယ်ဗျ...
ဆက်သာလုပ်...

မြတ်မွန် said...

အားပေးလျှက်ပါ ကိုစံလင်းရေ..
ကျွန်မကို ပြောနေတာတော့ ဟုတ်ပါဘူးနော်။
ကျွန်မ လည်းလျှောက်ရေးနေတာ အမှားပါရင်ခွင့်လွတ်နော်။
ခင်မင်လေးစားလျှက်။

Unknown said...

အရာ အားလုံးဟာ မီးခိုးတွေပါဘဲ ညီရာ..

စံလင်းထွန်း said...

ကိုညကောင်းကင်ရေ ...
အားပေးတာကျေးဇူး။

မမြတ်မွန် ... အစ်မကိုပြောတာဟုတ်ပါဘူးနော်...။ ကျွန်တော်ကတောင်အားနာနေတာ...။ ခုလိုရေးတင်မိတာကို...။

အစ်ကိုကြီး ရဲရင့်နီရေ...
ဟုတ်ပါတယ်...
ကျွန်တော်အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်တော့ မီးခိုးပါပဲ ...။
ဒါပေမယ့် ကျွန်တော်ဆိုလိုတာက ကျွန်တော့်လုပ်ဆောင်မှုတွေကို မီးခိုးလို လွယ်လွယ်နဲ့ ပျောက်သွားတဲ့အရာမဟုတ်ဘဲ တစ်ခုခုတော့ ရသွားစေချင်တာပါ။ လူတွေအတွက် မီးခိုဟာ အကျိုးမပြုပါဘူး။ ကဗျာကို ပြန်ရှင်းပြရ၊ ပြောပြရရင်ရှုပ်တယ်ဗျ။ ရှင်းတတ်ဘူး။ ပြောရင်းနဲ့တောင်ရှုပ်လာပြီ။ ကဗျာမိုလို့ ကဗျာလိုသာခံစားပြီး ကဗျာလို့သာသဘောထားပေးပါနော့်။ ဒီတော့ မီးခိုးမထုတ် ဟီးရိုးမဟုတ်လို့ မှတ်ထားလိုက်ပါဗျာ ...။

ဖတ်တဲ့သူအတွက် ဒီကဗျာမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်စုံတစ်ရာပါခဲ့ရင် ကဗျာရေးမိတဲ့ ကျွန်တော့်ရဲ့အပြစ်ပါလို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်ဗျာ ...။ ခွင့်လွှတ်ပါ။

အားလုံးကို ခင်မင်တဲ့
စံလင်းထွန်း

Anonymous said...

“ခံယူချက်ခြင်းမတူလည်း
နားလည်ပေးပါ
ထင်မြင်ချက်မတူလည်း
ခွင့်လွှတ်ပေးပါ
ယုံကြည်ချက်မတူလည်း
သည်းခံပေးပါ ...။”
အရမ်းကိုကောင်းတဲ့စာသားလေးပဲနော်။ လူတိုင်းသာ အဲဒီလို စဉ်းစားပေးရင် လောကကြီးက အေးချမ်းနေမှာပဲ

Anonymous said...

ဟီးရိုး မီးခိုး..
အဲ့ဒီစကား ဟိုနေ့က ကိုရဲကြီး ခဏခဏပြောနေတာ ကြားမိတယ်း)
အနော်တို့ကတော့ နားလည်ပေးတယ် ခွင့်လွှတ်ပေးတယ် သည်းခံပေးပါတယ်ဗျို့
ဟီးရိုးတွေမီးခိုးတွေကို ခဏမေ့ထားကြစို့ရဲ့

Unknown said...

အကိုက တရားသဘောနဲ့ပြောတာပါ..
ကဗျာ သဘောနဲ့တော့ညီရေးတာ...
အမှန်တွေပါညီ..

နှင်းပန်းညို said...

ကိုစံလင်းထွန်းရေ...
လာရောက်အားပေးခံစားသွားပါတယ်