Friday, December 18, 2009


တိုင်းတစ်ပါးကိုသွားရင်

တိုင်းတစ်ပါးမှာ အလုပ်ရှာရင်
ဤကဗျာအား မှတ်သားသွားပါ
တိုင်းတစ်ပါးဆိုတာ ရေခြားမြေခြား
စွန့်စွန့်စားစား အလုပ်မို့
မသွားမီမှာ အသေအချာ
ကြိုတင်ပိုင်းဖြတ် ဆုံးဖြတ်ချက်တော့
ချမှတ်သင့်တယ်။
တိုင်းတစ်ပါးဆိုတာ မိဘအိမ်ရာမဟုတ်
ပန်းခင်းလမ်းမဟုတ် ဆူးခင်းလမ်းလည်းမဟုတ်
ထိုနှစ်ခုအကြားထဲ ဒွန်တွဲထားပြီး
အဆိုးအကောင်း အကျိုးအကြောင်းတွေ
အချိုးကျကျ ရောသမထားတဲ့
ဘဝခရီး လမ်းတစ်သွယ်ပါ..။
ထိုခရီးလမ်းမှာ လျှောက်လှမ်းပါက
စိတ်ဓါတ်ကြံ့ခိုင် လက်မှိုင်မချဘဲ
ကြုံဆုံသမျှ လောကရဲ့ အဖုံဖုံ
ကောင်းမွေဆိုးမွေ အထွေထွေ
အားမာန်မလျော့ စိတ်မပျော့ဘဲ
ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနိုင်မှ
ဘဝခရီးလမ်းဟာ အပြုံးပန်းတွေ ဝေဆာလိမ့်မည် ...။

စံလင်းထွန်း

No comments: